၁။လက်နက်ချစကား အလျဉ်းမပြောရ။ ၂။ကရင်ပြည် ပြီးပြည့်စုံရမည်။ ၃။ကရင့်လက်နက် ကရင့်လက်ထဲရှိရမည်။ ၄။ကရင့်ကြမ္မာ ကရင်ဖန်တီးရမည်။
- မတောင်းပန်ပါက အထွေထွေသပိတ် ဆင်နွှဲမည်ဟု မန္တလေးသံဃာ မိန့် click - လက်ပံတောင်းကော်မရှင်ကိစ္စ အစိုးရ တာဝန်မဲ့၊ မရိုးသားဟု UNFC ဆို click - လက်ပံတောင်းတောင်အရေး ဆန္ဒပြသူတွေ အာမခံနဲ့ ပြန်လွတ် click - လက်ပံတောင်းကိစ္စ ဆန္ဒထုတ်ဖော်သဖြင့် အဖမ်းခံခဲ့ရသူများ အာမခံနှင့် ပြန်လွတ်ပြီ click - ရှင်ဂမ္ဘီရ (ခေါ်) ကိုညီညီလွင်နဲ့ ဆက်သွယ်မေးမြန်းချက် (အသံ) click - သတိမေ့တက်တဲ့ အရှင်ဂမ္ဘီရ (ရုပ်သံ) click - မျိုးဆက်သစ်လူငယ်များ (GW) အဖွဲ့က ကိုမိုဃ်းသွေးနဲ့ မေးမြန်းချက် click - သံဃာများ ပြည်ပသို့ သွားရောက် ဆေးကုသရန် အစီအစဉ်ရှိ (ဓာတ်ပုံသတင်း) click - မိုးထိမိုးမိခေါင်းဆောင်များ ရရှိ အာမခံ မယူဘဲ အမှုရင်ဆိုင်နေ click - ၁၆ နှစ်ပြည့် ဒီဇင်ဘာကျောင်းသားလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနား (ရုပ်သံ) click - ဦးသန့်အရေးအခင်း အင်အားသုံးဖြိုခွင်းမှု ဦးတင်ဦး တောင်းပန် click - ၃၈ နှစ်မြောက် ဦးသန့်အရေးလှုပ်ရှားမှု အထိမ်းအမှတ် (ရုပ်သံ) click - 10/D အခမ်းအနားမှ ကိုကိုကြီး၏ လူ့အခွင့်အရေး အမှာစကား (ရုပ်သံ) click - ရှေ့တန်းစခန်းတခုကို KIA က အစိုးရတပ်ထံမှ ပြန်လည်သိမ်းပိုက် click - ပလောင်ဒေသ၌ တိုက်ပွဲ ဆက်လက်ပြင်းထန်နေ click - မြေမြုပ်မိုင်းဟောင်းများကြောင့် နဘူးမြို့နယ်တွင် လုံခြုံမှု ဆက်လက်ကင်းမဲ့နေ click - ရခိုင်ပဋိပက္ခ မျိုးတုံးသတ်ဖြတ်ခြင်းမျိုး မဟုတ်ဟု ဒေါက်တာစိုင်းမောက်ခမ်း ပြော click - RCSS/SSA ဖမ်းဆီးရမိသော ယာဘဆေးပြား သောင်းချီအား တရုတ်အစိုးရလက် လွှဲအပ် click - CNF နဲ့ တိုင်းရင်းသားပါတီများ ပထမဆုံးအကြိမ် တော်ဝင်နှင်းဆီ ဆွေးနွေးပွဲ click - သျှမ်းပြည် တိုင်းရင်းသားပေါင်းစုံညီလာခံ သင်္ကြန်မတိုင်မီ ခေါ်ယူကျင်းပမည် click - မွန်နိုင်ငံရေးအကျဉ်းသားများအား ထောက်ပံ့နိုင်ရေးအတွက် ဗဟိုကော်မတီအစည်းအဝေး ကျင်းပ click - ဗိုလ်ချုပ်သမီး၏ ဗိုလ်ချုပ်ဇာတိ ခရီးစဉ် (ဆောင်းပါး) click - ၂၀၁၀ ရွေးကောက်ပွဲအလွန် မြန်မာပြည် (ဆောင်းပါး) click - ခဲမဖြူမိုင်း ဆိုးကျိုးများ မိုလို အမျိုးသမီးအဖွဲ့ ထောက်ပြ click - မော်ချီးခဲမဖြူ သတ္တုတွင်း တိုးချဲ့လုပ်ကိုင်မှုကို ရပ်တန့်ဖို့ တောင်းဆို click - မော်ချီးသတ္တုတွင်း ဆက်လက်မတိုးချဲ့ရန် ကရင်နီ မိုလိုကွန်ယက် တောင်းဆို click - ကမ္ဘာ့ငွေကြေးဘဏ်လုပ်ငန်းကို မြန်မာဘဏ် ၃ ခုအား အမေရိကန် ခွင့်ပြု click - မြန်မာ၌ ရင်းနှီးမြှုပ်နှံရန် ထိုင်း မျက်စိကျ၊ လုပ်ငန်းရှင်များ သွားရောက် လေ့လာမည် click - လယ်ယာစိုက်ပျိုးရေးသုံးပစ္စည်းများ မသမာသူများထံမှ မ၀ယ်ယူရန် သတိပေး click - ကျေးလက် မီးလင်းရေး ဆိုလာစနစ်နှင့် စံပြအိမ်ရာလုပ်ငန်းများ အိတ်ဖွင့်တင်ဒါခေါ် click - အရည်အသွေးနိမ့် ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးများ အရေးယူရန် စစ်ပြီ click - မူးယစ်ဆေးဝါး သုံးစွဲရောင်းချသူ ၂၀ ကျော် မွန်ပြည်သစ် ဖမ်းဆီးရမိ click - HIV/AIDS ဝေဒနာရှင်များအား ပန်းရဲ့လမ်း အဖွဲ့သားများ အားပေး (ဓာတ်ပုံသတင်း) click - အာဆီယံ-အိန္ဒိယ ချစ်ကြည်ရေးယာဉ်တန်း မြန်မာပြည်ကို ဖြတ်သန်း click - မဲဆောက်-ဘန်ကောက်သွား ခရီးသည်တင်ကား မှောက်၊ မြန်မာ ၂ ဦး သေဆုံး click - ထိုင်းနိုင်ငံရောက် မြန်မာများ ရှင်သီဝလီတရားဟောပွဲ ကျင်းပ click - ရှမ်းနှစ်သစ်ကူး ကျိုင်းတုံတွင် စည်စည်ကားကား ကြိုဆိုမည် click - ကျိုင်းတုံး သျှမ်းနှစ်သစ်ကူးအထူးပွဲတော်အတွက် ကာတွန်းဆရာ ဟန်လေး ဦးဆောင်ပြင်ဆင် click - နမ့်ခမ်းမြို့၌ သျှမ်းနှစ်ကူးအထိမ်းအမှတ် ကြက်တောင်ရိုက်ပြိုင်ပွဲ ကျင်းပ click - ရေမီတာ မတပ်ဘဲ တရားမ၀င် ရေဖိုးငွေ ကောက်ခံနေတဲ့ ဒလ စည်ပင်ဝန်ထမ်းများ (ရုပ်သံ) click - ဇာတိနေရာက လှည့်စားခြင်းခံရသူများ (ဆောင်းပါး) click - တရုတ်ပြည်မှာ HIV/AIDS ဝေဒနာရှင်တွေကို ခွဲခြားဆက်ဆံ (အသံ) click

Monday, 3 December 2012

ဘုရားသုံးဆူမြို့နယ်ခွဲအတွင်း မှ ဒေသခံများအတွက် နိုင်ငံသား စိစစ်ရေးကဒ် စတင်ရိုက်ပေးနေ

ဒီဇင်ဘာလ ၂ရက်။ ၂၀၁၂ခုနှစ်။ နန်းသူးလေ(ကေအိုင်စီ)


ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်ခွဲအတွင်း ရှိ မြန်မာနိုင်ငံသား စိစစ်ရေးကဒ်(မှတ်ပုံတင်) မရှိသေးသည့် ဒေသခံများကို သက်ဆိုင်ရာမှ ယခုရက်ပိုင်းအ တွင်း လုပ်ဆောင်ပေးလျက်ရှိပြီး ယနေ့တွင် မယ်ဇလီကျေးရွာ၌ ကျေးရွာပေါင်း လေး ရွာမှ ရွာသူရွာသားများကို နိုင်ငံသား ကဒ် ရိုက်ပေးနေသည်ဟု သိရသည်။

မယ်ဇလီ၊ ထီးကလိုးဝါး၊ မယ်ဇလီချောင်းဝ၊ ကွီးဟော့ စသည့်ကျေးရွာများမှ ဒေသခံများကို ယနေ့မနက်မှစ၍ မယ်ဇလီကျေးရွာတွင် နိုင်ငံသားစိစစ်ရေးကဒ် ရိုက်ပေးနေသည်ဟု မယ်ဇလီကျေးရွာ အတွင်းရေးမှူး စောသန်းနိုင်က ပြောသည်။ စောသန်းနိုင်က “ဒီမနက်ကစပြီး ကျနော်တို့မယ်ဇလီရွာမှာ မှတ်ပုံတင်လာရိုက်ပေးနေပါပြီ။ အသက် ၁၂နှစ်အထက် အကုန်လုံးကိုသူတို့ရိုက်ပေးတယ်။ အခကြေး ပေးစရာမလိုဘူး” ဟုပြောသည်။ 

တဆက်တည်းမှာပင် နိုင်ငံသားစိစစ်ရေးကဒ်ကို မည်သည့်အချိန်တွင် ရရှိမည်ကို မသိရသေးသော် လည်း ယခုကဲ့သို့ သက်ဆိုင်ရာတာဝန်ရှိသူများမှ တရားဝင်လာရောက်လုပ်ဆောင်ပေးသဖြင့် ဒေသခံများ အတွက် ကောင်းမွန်ပြီး ခရီးသွားရလာရ ပို၍လွယ်ကူလာမည်ဖြစ်ကြောင်း မယ်ဇလီ ကျေးရွာ သူ နော်ကေးကေးက ပြောသည်။ ဒေသခံ လူထုများအား နိုင်ငံသားစိစစ်ရေးကဒ် ရိုက်ပေးသည့်အစီအစဉ်ကို ဘုရားသုံးဆူမြို့နယ်ခွဲ လူဝန် မှုကြီးကြပ်ရေးဌာန၊ Norwegian Refugee Council-NRC နှင့် ကရင်အမျိုးသားအစည်း အရုံး (KNU)၊ ဒူးပလာယာခရိုင်၊ ၀င်းရေးမြို့နယ်ရှိ တာဝန်ရှိသူတို့ ပူးပေါင်းပြီး အခမဲ့ လုပ်ဆောင် ပေးခြင်းဖြစ်ကြောင်း ဘုရားသုံးဆူမြို့ KNU ဆက်ဆံရေးရုံး ဒုတာဝန်ခံ စောထဲနေက ကေအိုင်စီကို ပြောသည်။ 

 ၎င်းက “ဒေသခံတွေ အခကြေးငွေပေးစရာမလိုအောင် နိုင်ငံသားစိစစ်ရေးကဒ် လာရိုက်ပေး တဲ့သူတွေ စားသောက်ဖို့အတွက် ကျနော်တို့ KNU နဲ့ NRC တို့ ပူးပေါင်းပြီး ထမင်း၊ ဟင်းချက်ပြုတ် တဲ့သူတွေကို ငှားပေးထားပါတယ်” ဟုပြောသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂ရက်နေ့ကလည်း မြိုင်သာယာကျေးရွာအုပ်စုအတွင်းရှိ မြိုင်သာယာ၊ ကျောက်ဂူ၊ သက်ကယ်၊ အပလို စသည့်ကျေးရွာများတွင် ဒေသခံဦးရေ ၁၂၀ ကို တရားဝင်နိုင်ငံသားစိစစ်ရေးကဒ် ရိုက်ပေးခဲ့ပြီးဖြစ်ကြောင်း စောထဲနေက ဆက်ပြောသည်။ 

ထို့အပြင် ယခုပြုလုပ်ပေးနေသည့် နိုင်ငံသားစိစစ်ရေးကဒ်အစီအစဉ်ကို မိုးပွင့်စီမံချက် ဟူ၍ အမည် ပေးထားပြီး ၂၀၁၂ခုနှစ် နှစ်လယ်ပိုင်းမှစတင်ပြီး ကရင်ဒေသခံများကို လုပ်ဆောင်ပေးခဲ့ရာ တစ်နေ့ လျှင်လူဦးရေ ၁၂၀ နှုန်းဖြင့် လုပ်ဆောင်ပေးခြင်း ဖြစ်ကြောင်း စောထဲနေက ရှင်းပြသည်။ NRC ၀န်ထမ်းများသည် ကရင်ပြည်နယ်အတွင်း One Stop Service (နေ့ချင်းတွင်းအပြီး) စနစ်ဖြင့် စိစစ်ရေးကဒ်ကို အခမဲ့ ရိုက်ပေးနေခြင်းဖြစ်ပြီး ၎င်းတို့၏ သွားလာရေး၊ အစားအသောက်နှင့် အခြား ကုန်ကျစရိတ်အားလုံးကို ကွင်းဆင်းခရီးစဉ်နှင့် တစ်ပါတည်းစီစဉ်ထားကာ ဒေသခံများထံမှ အခကြေးငွေ မယူဘဲ လုပ်ဆောင်ပေးနေခြင်း ဖြစ်သည်ဟု သိရသည်။

 မြန်မာအစိုးရ လ၀ကမှ ကြီးကြပ်၍ မိုးပွင့်စီမံချက်(၁)အဖြစ် ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်နယ်မြေတွင်း ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ ကရင်လူမျိုးအိုးအိမ်မဲ့နေသူများ၊ မိုးပွင့်စီမံချက် (၂)အဖြစ် ရွှေကုက္ကိုကျေးရွာရှိ ဒေသခံများ၊ မိုးပွင့်စီမံချက် (၃) အဖြစ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ မဲ့ကသာကျေးရွာအုပ်စုအတွင်း ကျေးရွာများမှ ဒေသခံများ နှင့် မြ၀တီမြို့နယ်ရှိ ဒေသခံများ၊ မိုးပွင့်စီမံချက်(၄)အဖြစ် ဘုရားသုံးဆူမြို့နယ်ခွဲတွင် ယခု ဒီဇင်ဘာလ ၂၉ရက်နေ့အထိ ဆက်လက် လုပ်ဆောင် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Hosting