၁။လက်နက်ချစကား အလျဉ်းမပြောရ။ ၂။ကရင်ပြည် ပြီးပြည့်စုံရမည်။ ၃။ကရင့်လက်နက် ကရင့်လက်ထဲရှိရမည်။ ၄။ကရင့်ကြမ္မာ ကရင်ဖန်တီးရမည်။
- မတောင်းပန်ပါက အထွေထွေသပိတ် ဆင်နွှဲမည်ဟု မန္တလေးသံဃာ မိန့် click - လက်ပံတောင်းကော်မရှင်ကိစ္စ အစိုးရ တာဝန်မဲ့၊ မရိုးသားဟု UNFC ဆို click - လက်ပံတောင်းတောင်အရေး ဆန္ဒပြသူတွေ အာမခံနဲ့ ပြန်လွတ် click - လက်ပံတောင်းကိစ္စ ဆန္ဒထုတ်ဖော်သဖြင့် အဖမ်းခံခဲ့ရသူများ အာမခံနှင့် ပြန်လွတ်ပြီ click - ရှင်ဂမ္ဘီရ (ခေါ်) ကိုညီညီလွင်နဲ့ ဆက်သွယ်မေးမြန်းချက် (အသံ) click - သတိမေ့တက်တဲ့ အရှင်ဂမ္ဘီရ (ရုပ်သံ) click - မျိုးဆက်သစ်လူငယ်များ (GW) အဖွဲ့က ကိုမိုဃ်းသွေးနဲ့ မေးမြန်းချက် click - သံဃာများ ပြည်ပသို့ သွားရောက် ဆေးကုသရန် အစီအစဉ်ရှိ (ဓာတ်ပုံသတင်း) click - မိုးထိမိုးမိခေါင်းဆောင်များ ရရှိ အာမခံ မယူဘဲ အမှုရင်ဆိုင်နေ click - ၁၆ နှစ်ပြည့် ဒီဇင်ဘာကျောင်းသားလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနား (ရုပ်သံ) click - ဦးသန့်အရေးအခင်း အင်အားသုံးဖြိုခွင်းမှု ဦးတင်ဦး တောင်းပန် click - ၃၈ နှစ်မြောက် ဦးသန့်အရေးလှုပ်ရှားမှု အထိမ်းအမှတ် (ရုပ်သံ) click - 10/D အခမ်းအနားမှ ကိုကိုကြီး၏ လူ့အခွင့်အရေး အမှာစကား (ရုပ်သံ) click - ရှေ့တန်းစခန်းတခုကို KIA က အစိုးရတပ်ထံမှ ပြန်လည်သိမ်းပိုက် click - ပလောင်ဒေသ၌ တိုက်ပွဲ ဆက်လက်ပြင်းထန်နေ click - မြေမြုပ်မိုင်းဟောင်းများကြောင့် နဘူးမြို့နယ်တွင် လုံခြုံမှု ဆက်လက်ကင်းမဲ့နေ click - ရခိုင်ပဋိပက္ခ မျိုးတုံးသတ်ဖြတ်ခြင်းမျိုး မဟုတ်ဟု ဒေါက်တာစိုင်းမောက်ခမ်း ပြော click - RCSS/SSA ဖမ်းဆီးရမိသော ယာဘဆေးပြား သောင်းချီအား တရုတ်အစိုးရလက် လွှဲအပ် click - CNF နဲ့ တိုင်းရင်းသားပါတီများ ပထမဆုံးအကြိမ် တော်ဝင်နှင်းဆီ ဆွေးနွေးပွဲ click - သျှမ်းပြည် တိုင်းရင်းသားပေါင်းစုံညီလာခံ သင်္ကြန်မတိုင်မီ ခေါ်ယူကျင်းပမည် click - မွန်နိုင်ငံရေးအကျဉ်းသားများအား ထောက်ပံ့နိုင်ရေးအတွက် ဗဟိုကော်မတီအစည်းအဝေး ကျင်းပ click - ဗိုလ်ချုပ်သမီး၏ ဗိုလ်ချုပ်ဇာတိ ခရီးစဉ် (ဆောင်းပါး) click - ၂၀၁၀ ရွေးကောက်ပွဲအလွန် မြန်မာပြည် (ဆောင်းပါး) click - ခဲမဖြူမိုင်း ဆိုးကျိုးများ မိုလို အမျိုးသမီးအဖွဲ့ ထောက်ပြ click - မော်ချီးခဲမဖြူ သတ္တုတွင်း တိုးချဲ့လုပ်ကိုင်မှုကို ရပ်တန့်ဖို့ တောင်းဆို click - မော်ချီးသတ္တုတွင်း ဆက်လက်မတိုးချဲ့ရန် ကရင်နီ မိုလိုကွန်ယက် တောင်းဆို click - ကမ္ဘာ့ငွေကြေးဘဏ်လုပ်ငန်းကို မြန်မာဘဏ် ၃ ခုအား အမေရိကန် ခွင့်ပြု click - မြန်မာ၌ ရင်းနှီးမြှုပ်နှံရန် ထိုင်း မျက်စိကျ၊ လုပ်ငန်းရှင်များ သွားရောက် လေ့လာမည် click - လယ်ယာစိုက်ပျိုးရေးသုံးပစ္စည်းများ မသမာသူများထံမှ မ၀ယ်ယူရန် သတိပေး click - ကျေးလက် မီးလင်းရေး ဆိုလာစနစ်နှင့် စံပြအိမ်ရာလုပ်ငန်းများ အိတ်ဖွင့်တင်ဒါခေါ် click - အရည်အသွေးနိမ့် ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးများ အရေးယူရန် စစ်ပြီ click - မူးယစ်ဆေးဝါး သုံးစွဲရောင်းချသူ ၂၀ ကျော် မွန်ပြည်သစ် ဖမ်းဆီးရမိ click - HIV/AIDS ဝေဒနာရှင်များအား ပန်းရဲ့လမ်း အဖွဲ့သားများ အားပေး (ဓာတ်ပုံသတင်း) click - အာဆီယံ-အိန္ဒိယ ချစ်ကြည်ရေးယာဉ်တန်း မြန်မာပြည်ကို ဖြတ်သန်း click - မဲဆောက်-ဘန်ကောက်သွား ခရီးသည်တင်ကား မှောက်၊ မြန်မာ ၂ ဦး သေဆုံး click - ထိုင်းနိုင်ငံရောက် မြန်မာများ ရှင်သီဝလီတရားဟောပွဲ ကျင်းပ click - ရှမ်းနှစ်သစ်ကူး ကျိုင်းတုံတွင် စည်စည်ကားကား ကြိုဆိုမည် click - ကျိုင်းတုံး သျှမ်းနှစ်သစ်ကူးအထူးပွဲတော်အတွက် ကာတွန်းဆရာ ဟန်လေး ဦးဆောင်ပြင်ဆင် click - နမ့်ခမ်းမြို့၌ သျှမ်းနှစ်ကူးအထိမ်းအမှတ် ကြက်တောင်ရိုက်ပြိုင်ပွဲ ကျင်းပ click - ရေမီတာ မတပ်ဘဲ တရားမ၀င် ရေဖိုးငွေ ကောက်ခံနေတဲ့ ဒလ စည်ပင်ဝန်ထမ်းများ (ရုပ်သံ) click - ဇာတိနေရာက လှည့်စားခြင်းခံရသူများ (ဆောင်းပါး) click - တရုတ်ပြည်မှာ HIV/AIDS ဝေဒနာရှင်တွေကို ခွဲခြားဆက်ဆံ (အသံ) click

Friday, 7 December 2012

ရွှေ့ပြောင်းပညာရေးအလှူငွေ ဆက်လက်ရရှိရန် ထိုင်းဝန်ကြီးချုပ်ဟောင်း စည်းရုံးလှုံ့ဆော်မည်

ဒီဇင်ဘာလ ၇ရက်။ ၂၀၁၂ခုနှစ်။ နန်းသူးလေ(ကေအိုင်စီ)


 ထိုင်းနိုင်ငံ-တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်အတွင်းရှိ ရွှေ့ပြောင်းပညာရေးအတွက် နိုင်ငံတကာမှ ငွေကြေးအကူအညီများ ဆက်လက်ရရှိရန် အလှူရှင်များကို စည်းရုံးလှုံ့ဆော်ပေးသွားမည်ဟု ထိုင်းဝန်ကြီးချုပ် ဟောင်း အဘီစစ် ဝေ့ချာချီဝ က ပြောသည်။


 ယမန့်နေ့ နေ့လည်ပိုင်းက မဲဆောက်မြို့ရှိ ဆာ့သူးလေစာသင်ကျောင်းသို့ ထိုင်းဝန်ကြီးချုပ်ဟောင်း အဘိစစ် သွားရောက်လည်ပတ်စဉ် ရွှေ့ပြောင်းမြန်မာနိုင်ငံသားများ ရသင့်ရထိုက်သည့် လူသားချင်းဆိုင်ရာအခွင့်အ ရေးများကို ရရှိအောင် ပူးပေါင်းလုပ်ဆောင်ကြရမည်ဖြစ်ကြောင်းနှင့် လက်ရှိလျှော့နည်းနေသည့် အလှူ ငွေများကိုလည်း ဆက်လက်ရရှိအောင် ကြိုးပမ်းပေးသွားမည်ဟု ပြောသွားကြောင်း မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ ပညာရေးကော်မတီ (BMWEC) မှ ဥက္ကဌ နော်ဖောရေ က ပြောသည်။ 

 နော်ဖောရေက “ဒီနယ်စပ်ကနေ အထက်တန်းပညာ အောင်မြင်ပြီးသွားတဲ့ ကလေးတွေ ထိုင်း၊ မြန်မာ နှစ်နိုင်ငံက အသိအမှတ်ပြုပြီး တက္ကသိုလ်တွေဆက်တက်ခွင့်ရဖို့၊ ကလေးတွေကိုလည်း နိုင်ငံသားဖြစ်ခွင့်ရဖို့နဲ့ အခုဆိုရင်မြန်မာနိုင်ငံက ပွင့်လင်းလာပြီဆိုပြီး အလှူရှင်တွေက အထဲကိုပေးနေတာများတယ်။ ပြောင်းလဲတယ် ဆိုပေမယ့် အစပိုင်းပဲရှိသေးတာမို့ ဒီကလူတွေက မပြန်နိုင်သေးတဲ့အတွက် အကူအညီ လိုအပ်နေသေး တဲ့အကြောင်းပြောဖြစ်ပါတယ်” ဟု ပြောသည်။ 

 ထို့အပြင် ထိုင်းဝန်ချုပ်ဟောင်း အဘီစစ်သည် မကြာမီ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့တွင် ကျင်းပပြုလုပ်တော့မည့် The Children Trust အဖွဲ့၏ နှစ် ၃၀ပြည့်အခမ်းအနားသို့ တက်ရောက်မည်ဖြစ်ပြီး သူ့အနေဖြင့် ထိုဆွေးနွေးပွဲ တွင် ထိုင်းနယ်စပ် ပညာရေးအတွက် နည်းလမ်းများ ရှာဖွေပြီး အတက်နိုင်ဆုံး စည်းရုံးလှုံ့ဆော် ပေးသွားမည်ဟု နော်ဖောရေ က ဆက်လက်ရှင်းပြသည်။ 

ထိုင်းဝန်ကြီးချုပ်ဟောင်း အနေဖြင့် မဲဆောက်မြို့သို့ လာရောက်လည်ပတ်ရခြင်း မှာ နယ်စပ်ဒေသရှိ ကလေးငယ်များ၏ ပညာရေးနှင့် ရွှေ့ပြောင်းမြန်မာနိုင်ငံသားများ၏ ကျန်းမာရေး အခြေအနေများကို လာရောက်လေ့လာခြင်း ဖြစ်ကြောင်းလည်း သိရသည်။ မဲဆောက်မြို့သို့ ယမန်နေ့က ရောက်ရှိခဲ့သည့် ၀န်ကြီးချုပ်ဟောင်းနှင့် ထိုင်းတာဝန်ရှိ ပုဂ္ဂိုလ်များသည် ဆာ့သူးလေ၊ SAW၊ CDC၊ BMWEC မှတာဝန်ရှိသူများ၊ Stars Flower Center မှ မိဘမဲ့ကလေးငယ်များ နှင့် တွေ့ဆုံခဲ့ပြီးနောက် မယ်တော်ဆေးခန်းသို့လည်း သွားရောက်လည်ပတ်ခဲ့သည်။ 

 မယ်တော်ဆေးခန်းကို ဦးဆောင်တည်ထောင်ခဲ့သူ ဒေါက်တာစင်သီယာမောင်က “အထူးတလည် ဘာမှတော့ မဆွေးနွေးဖြစ်ပါဘူး။ သူလာလည်တဲ့အတွက် ဒီနယ်စပ်ကျန်းမာရေးအခြေအနေတွေကို မဲဆောက် ဆေးရုံးကြီးက တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး ရှင်းပြပေးတာမျိုးပါပဲ” ဟုပြောသည်။ ယခင်က မဲဆောက်မြို့သို့ ထိုင်းအစိုးရတာဝန်ရှိသူများလာရောက် တွေ့ဆုံမှုများရှိခဲ့သော်လည်း ထိုင်း ၀န်ကြီးချုပ်ဟောင်း အဘိစစ် အနေဖြင့် နယ်စပ်ပညာရေးအဖွဲ့များနှင့် လာရောက်တွေ့ဆုံခြင်းမှာ ပထမဦးဆုံး အကြိမ်ဖြစ်ကြောင်း BMWEC ဥက္ကဌ နော်ဖောရေက ဆက်ပြောသည်။ 

 ၎င်းက “ထိုင်းဝန်ကြီးချုပ်ဟောင်းတစ်ယောက်အနေနဲ့ လာရောက်တွေ့ဆုံပြီး အားပေးနှစ်သိမ့်တဲ့ အတွက်ကော၊ ဒီဘက်မှာရှိတဲ့ အဖွဲ့အစည်းတွေရဲ့အခြေအနေကိုလည်း သိရှိသွားတဲ့အတွက် သူပြောသလိုပဲ ကျမတို့ အတွက် အကောင်းဆုံးလုပ်ဆောင်ပေးနိုင်မယ်လို့မျှော်လင့်ပါတယ်” ပြောသည်။ 

ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ရွှေ့ပြောင်းစာသင်ကျောင်း ၈၀ကျော်ရှိသည့်အနက် တရားဝင် စာသင်ကျောင်း ၇၄ကျောင်းတွင် ကျောင်းသူကျောင်းသားပေါင်း ၇သောင်းဝန်းကျင်ခန့် ရှိကြောင်း BMWEC ၏ မှတ်တမ်းများအရ သိရသည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Hosting