၁။လက်နက်ချစကား အလျဉ်းမပြောရ။ ၂။ကရင်ပြည် ပြီးပြည့်စုံရမည်။ ၃။ကရင့်လက်နက် ကရင့်လက်ထဲရှိရမည်။ ၄။ကရင့်ကြမ္မာ ကရင်ဖန်တီးရမည်။
- မတောင်းပန်ပါက အထွေထွေသပိတ် ဆင်နွှဲမည်ဟု မန္တလေးသံဃာ မိန့် click - လက်ပံတောင်းကော်မရှင်ကိစ္စ အစိုးရ တာဝန်မဲ့၊ မရိုးသားဟု UNFC ဆို click - လက်ပံတောင်းတောင်အရေး ဆန္ဒပြသူတွေ အာမခံနဲ့ ပြန်လွတ် click - လက်ပံတောင်းကိစ္စ ဆန္ဒထုတ်ဖော်သဖြင့် အဖမ်းခံခဲ့ရသူများ အာမခံနှင့် ပြန်လွတ်ပြီ click - ရှင်ဂမ္ဘီရ (ခေါ်) ကိုညီညီလွင်နဲ့ ဆက်သွယ်မေးမြန်းချက် (အသံ) click - သတိမေ့တက်တဲ့ အရှင်ဂမ္ဘီရ (ရုပ်သံ) click - မျိုးဆက်သစ်လူငယ်များ (GW) အဖွဲ့က ကိုမိုဃ်းသွေးနဲ့ မေးမြန်းချက် click - သံဃာများ ပြည်ပသို့ သွားရောက် ဆေးကုသရန် အစီအစဉ်ရှိ (ဓာတ်ပုံသတင်း) click - မိုးထိမိုးမိခေါင်းဆောင်များ ရရှိ အာမခံ မယူဘဲ အမှုရင်ဆိုင်နေ click - ၁၆ နှစ်ပြည့် ဒီဇင်ဘာကျောင်းသားလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနား (ရုပ်သံ) click - ဦးသန့်အရေးအခင်း အင်အားသုံးဖြိုခွင်းမှု ဦးတင်ဦး တောင်းပန် click - ၃၈ နှစ်မြောက် ဦးသန့်အရေးလှုပ်ရှားမှု အထိမ်းအမှတ် (ရုပ်သံ) click - 10/D အခမ်းအနားမှ ကိုကိုကြီး၏ လူ့အခွင့်အရေး အမှာစကား (ရုပ်သံ) click - ရှေ့တန်းစခန်းတခုကို KIA က အစိုးရတပ်ထံမှ ပြန်လည်သိမ်းပိုက် click - ပလောင်ဒေသ၌ တိုက်ပွဲ ဆက်လက်ပြင်းထန်နေ click - မြေမြုပ်မိုင်းဟောင်းများကြောင့် နဘူးမြို့နယ်တွင် လုံခြုံမှု ဆက်လက်ကင်းမဲ့နေ click - ရခိုင်ပဋိပက္ခ မျိုးတုံးသတ်ဖြတ်ခြင်းမျိုး မဟုတ်ဟု ဒေါက်တာစိုင်းမောက်ခမ်း ပြော click - RCSS/SSA ဖမ်းဆီးရမိသော ယာဘဆေးပြား သောင်းချီအား တရုတ်အစိုးရလက် လွှဲအပ် click - CNF နဲ့ တိုင်းရင်းသားပါတီများ ပထမဆုံးအကြိမ် တော်ဝင်နှင်းဆီ ဆွေးနွေးပွဲ click - သျှမ်းပြည် တိုင်းရင်းသားပေါင်းစုံညီလာခံ သင်္ကြန်မတိုင်မီ ခေါ်ယူကျင်းပမည် click - မွန်နိုင်ငံရေးအကျဉ်းသားများအား ထောက်ပံ့နိုင်ရေးအတွက် ဗဟိုကော်မတီအစည်းအဝေး ကျင်းပ click - ဗိုလ်ချုပ်သမီး၏ ဗိုလ်ချုပ်ဇာတိ ခရီးစဉ် (ဆောင်းပါး) click - ၂၀၁၀ ရွေးကောက်ပွဲအလွန် မြန်မာပြည် (ဆောင်းပါး) click - ခဲမဖြူမိုင်း ဆိုးကျိုးများ မိုလို အမျိုးသမီးအဖွဲ့ ထောက်ပြ click - မော်ချီးခဲမဖြူ သတ္တုတွင်း တိုးချဲ့လုပ်ကိုင်မှုကို ရပ်တန့်ဖို့ တောင်းဆို click - မော်ချီးသတ္တုတွင်း ဆက်လက်မတိုးချဲ့ရန် ကရင်နီ မိုလိုကွန်ယက် တောင်းဆို click - ကမ္ဘာ့ငွေကြေးဘဏ်လုပ်ငန်းကို မြန်မာဘဏ် ၃ ခုအား အမေရိကန် ခွင့်ပြု click - မြန်မာ၌ ရင်းနှီးမြှုပ်နှံရန် ထိုင်း မျက်စိကျ၊ လုပ်ငန်းရှင်များ သွားရောက် လေ့လာမည် click - လယ်ယာစိုက်ပျိုးရေးသုံးပစ္စည်းများ မသမာသူများထံမှ မ၀ယ်ယူရန် သတိပေး click - ကျေးလက် မီးလင်းရေး ဆိုလာစနစ်နှင့် စံပြအိမ်ရာလုပ်ငန်းများ အိတ်ဖွင့်တင်ဒါခေါ် click - အရည်အသွေးနိမ့် ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးများ အရေးယူရန် စစ်ပြီ click - မူးယစ်ဆေးဝါး သုံးစွဲရောင်းချသူ ၂၀ ကျော် မွန်ပြည်သစ် ဖမ်းဆီးရမိ click - HIV/AIDS ဝေဒနာရှင်များအား ပန်းရဲ့လမ်း အဖွဲ့သားများ အားပေး (ဓာတ်ပုံသတင်း) click - အာဆီယံ-အိန္ဒိယ ချစ်ကြည်ရေးယာဉ်တန်း မြန်မာပြည်ကို ဖြတ်သန်း click - မဲဆောက်-ဘန်ကောက်သွား ခရီးသည်တင်ကား မှောက်၊ မြန်မာ ၂ ဦး သေဆုံး click - ထိုင်းနိုင်ငံရောက် မြန်မာများ ရှင်သီဝလီတရားဟောပွဲ ကျင်းပ click - ရှမ်းနှစ်သစ်ကူး ကျိုင်းတုံတွင် စည်စည်ကားကား ကြိုဆိုမည် click - ကျိုင်းတုံး သျှမ်းနှစ်သစ်ကူးအထူးပွဲတော်အတွက် ကာတွန်းဆရာ ဟန်လေး ဦးဆောင်ပြင်ဆင် click - နမ့်ခမ်းမြို့၌ သျှမ်းနှစ်ကူးအထိမ်းအမှတ် ကြက်တောင်ရိုက်ပြိုင်ပွဲ ကျင်းပ click - ရေမီတာ မတပ်ဘဲ တရားမ၀င် ရေဖိုးငွေ ကောက်ခံနေတဲ့ ဒလ စည်ပင်ဝန်ထမ်းများ (ရုပ်သံ) click - ဇာတိနေရာက လှည့်စားခြင်းခံရသူများ (ဆောင်းပါး) click - တရုတ်ပြည်မှာ HIV/AIDS ဝေဒနာရှင်တွေကို ခွဲခြားဆက်ဆံ (အသံ) click

Wednesday, 12 December 2012

စီမံကိန်းကြီးများကြောင့် ဒေသခံလူထုများ၏သဘောထား အပစ်ပယ်ခံရမှုများ SYCB နှင့် NYF ထုတ်ပြန်

ဒီဇင်ဘာလ ၁၂ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)


ဖွံ့ဖြိုးရေးစီမံကိန်းကြီးများကြောင့် မြန်မာနိုင်ငံရှိ ပြည်နယ် (၇)ခုနှင့် တိုင်းဒေသကြီး (၁)ခုမှ ဒေသခံလူထုများ၏ ဆန္ဒသဘောထားများ အပစ်ပယ်ခံရမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ကျောင်းသားလူငယ်များကွန်ဂရက်-SYCB နှင့် တိုင်းရင်းသားလူငယ်များအင်အားစု-NYF တို့က ယနေ့ အစီရင်ခံစာတစ်စောင် ထုတ်ပြန်လိုက်သည်။ 


ယင်းအစီရင်ခံစာကို “အပစ်ပယ်ခံ”ဟု အမည်ပေးထားပြီး မြန်မာနိုင်ငံရှိ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ သျှမ်းပြည်တောင်ပိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် မြန်မာအစိုးရနှင့် နိုင်ငံခြားကုမ္ပဏီများ၏ ပူးပေါင်းလုပ်ကိုင် သော မဟာစီမံကိန်းကြီးများ ၉ခုကို ဒေသခံလူထုများအား တိုင်ပင်ခြင်းမရှိဘဲ အကောင်အထည်ဖော် လုပ် ဆောင်ခြင်းကို ထောက်ပြထားသည်။ 

 ယခု အစီရင်ခံစာ ဖြစ်မြောက်ရန် ဖွံ့ဖြိုးရေးစီမံကိန်းနှင့်ဆက်နွယ်သော လူ့အခွင့်အရေးချိုးဖောက်မှုများ၊ သဘာဝ ပတ်ဝန်းကျင်ပျက်စီး ထိခိုက်မှုများ၊ သတင်းအချက်အလက်မှန်များကို ဖုံးကွယ်ထားမှုများ စသည့်တို့ကို SYCB နှင့် NYF တွင် ပါဝင်သည့် အဖွဲ့အစည်း(၉)ဖွဲ့မှ ၂၀၁၂ခုနှစ် ဧပြီလမှ ဇွန်လအထိ ကွင်းဆင်း၍ မှတ်တမ်းကောက် ယူခဲ့ခြင်းဖြစ်သည်ဟု SYCB ၏ အထွေထွေအတွင်းရေးမှူး နော်ဆန်းက ပြောသည်။ 

 နော်ဆန်းက “ဖွံ့ဖြိုးရေးစီမံကိန်းကြောင့် အထူးသဖြင့် တိုင်းရင်းသားဒေသမှာ ဖြစ်ပျက်နေတဲ့ လူထုတွေရဲ့ နစ်နာ မှုတွေကို လက်လှမ်းမီသလောက်ပဲ ကျနော်တို့ စုဆောင်းတင်ပြထားတာဖြစ်တယ်။ မြစ်ဆုံကိစ္စနဲ့ ရွှေဂက်(စ်) စီမံ ကိန်းမှာ အဓမ္မခိုင်းစေတာ၊ လယ်မြေသိမ်းတာ စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိတယ်။ ဒါတောင် အခု လက်ပံတောင်း ကြေးနီစီမံကိန်း မပါပါသေးဘူး။ ”ဟု ကေအိုင်စီသို့ ပြောသည်။ 

 ထိုစီမံကိန်းများမှာ ကချင်ပြည်နယ်-မြစ်ဆုံဆည်၊ ကရင်ပြည်နယ်-ဖားအံမြို့ရှိ စီးပွားရေးဇုန်၊ ချင်းပြည်နယ်-တီး တိန်-ရိဒ် လမ်း၊ ရခိုင် ပြည်နယ်-စစ်တွေ ပင်လယ်ဆိပ်ကမ်း နှင့် ရွှေသဘာဝဓါတ်ငွေ့ပိုက်လိုင်း၊ ကရင်နီ(ကယား) ပြည်နယ်-ဘီလပ်မြေစက်ရုံ၊ သျှမ်းပြည်နယ်တောင်ပိုင်း-အထက်ပေါင်း လောင်းဆည်၊ မွန်ပြည်နယ်-ကတိုက် ဆည်နှင့် တနသာင်္ရီတိုင်း-ထားဝယ်ရေနက်ဆိပ်ကမ်းတို့ ဖြစ်သည်ဟု အပစ်ပယ်ခံ အစီရင်ခံစာတွင် ပါရှိသည်။ 

စီမံကိန်းကြောင့် အတင်းအဓမ္မလုပ်အားစေခိုင်းခြင်း၊ လယ်မြေသိမ်းယူခြင်း၊ အတင်းအဓမ္မရွေ့ပြောင်းခြင်း၊ စစ်တပ်တိုးချဲ့လာခြင်း၊ လုံခြုံရေးတင်းကြပ်ခြင်း၊ မတရားအခွန်ကောက်ခံခြင်းနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီး ခြင်း စသည့် ဆိုးကျိုးများ ဖြစ်ပေါ်လျှက်ရှိသည်လည်း အစီရင်ခံစာ၌ ထည့်သွင်းထားသည်။ 

 ၎င်းအပြင် အစီရင်ခံစာတွင် ဒေသခံ(၂၆၁)အား တွေ့ဆုံမေးမြန်း စစ်တမ်းကောက်ယူခဲ့ပြီး တွေ့ရှိချက်အရ ဒေသ ခံ ၉၀ ရာခိုင်နှုန်းမှာ ၎င်းစီမံကိန်းများနှင့်ဆက်စပ်သည့် သတင်းအချက်အလက် မရရှိခြင်း၊ ၈၀ ရာခိုင်နှုန်းမှာ သတင်းအချက်အလက်ရရှိရန် မည်သို့ဆက်သွယ်ရမည်ကို မသိခြင်း၊ ၄၅ ဒဿမ ၂ရာခိုင်နှုန်းမှာ ဘာမျှ မသိ ခြင်းနှင့် ကောင်းကျိုးသက်ရောက်မှုများကို ခံစားရသူမှာ ၁ရာခိုင်နှုန်းသာ မပြည့်ကြောင်း ဖော်ပြထားသည်။ 

တဆက်တည်းမှာပင် မြန်မာအစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် ချင်းအမျိုး သားတပ်ဦး-CNFတို့ ဒီဇင်ဘာ ၉ရက်နေ့၌ တွေ့ဆုံပြီး သဘောတူညီချက် ၆ချက် သဘောတူခဲ့ရာ ချင်းပြည်နယ် အတွင်း ဒေသခံလူထု၏ ဆန္ဒကို ဦးစားပေးဆောင်ရွက်မည့် လွတ်လပ်သောဆန္ဒဖြင့် ထုတ်ဖော်ပြောကြားသည့် သဘောတူခွင့်ပြုချက်(FPIC)ဆိုင်ရာလူ့အခွင့်အရေးကိစ္စ ပါရှိသည်ဟု သိရသည်။ 

“ဒီသဘောတူညီချက်ဟာ ကောင်းမွန်တဲ့ခြေလှမ်းလို့ ဆိုနိုင်ပေမယ့် FPIC ကို ပြည်တွင်း ဥပဒေတရပ်အဖြစ် ပြဌာန်းပြီးတော့ တပြည်လုံးကျင့်သုံးဖို့ လိုအပ်တယ်”ဟု နော်ဆန်းက ဖြည့်စွက်ပြောဆိုသည်။

 ဆက်လက်၍ SYCB နှင့် NYF တို့က ဖွံ့ဖြိုးရေးစီမံကိန်းနှင့် ပတ်သက်၍ မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန် အပါ အ၀င် လုပ်ငန်းရှင်နှင့်ကုမ္ပဏီများ၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်၊ နိုင်ငံရေးပါတီ အဖွဲ့အစည်း နှင့် လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ပါဝင်ဆောင်ရွက်ဖြေရှင်းပေးကြရန် တိုက်တွန်းထားသည်။ 

SYCB နှင့် NYF သည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူငယ်အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားပြီး လက်ရှိ SYCB တွင် အဖွဲ့ ၁၅ ဖွဲ့နှင့် NYF တွင် အဖွဲ့ ၁၃ဖွဲ့ရှိသည်။ SYCB ကို ၁၉၉၆ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး NYF ကို ၂၀၀၃ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Hosting