၁။လက်နက်ချစကား အလျဉ်းမပြောရ။ ၂။ကရင်ပြည် ပြီးပြည့်စုံရမည်။ ၃။ကရင့်လက်နက် ကရင့်လက်ထဲရှိရမည်။ ၄။ကရင့်ကြမ္မာ ကရင်ဖန်တီးရမည်။
- မတောင်းပန်ပါက အထွေထွေသပိတ် ဆင်နွှဲမည်ဟု မန္တလေးသံဃာ မိန့် click - လက်ပံတောင်းကော်မရှင်ကိစ္စ အစိုးရ တာဝန်မဲ့၊ မရိုးသားဟု UNFC ဆို click - လက်ပံတောင်းတောင်အရေး ဆန္ဒပြသူတွေ အာမခံနဲ့ ပြန်လွတ် click - လက်ပံတောင်းကိစ္စ ဆန္ဒထုတ်ဖော်သဖြင့် အဖမ်းခံခဲ့ရသူများ အာမခံနှင့် ပြန်လွတ်ပြီ click - ရှင်ဂမ္ဘီရ (ခေါ်) ကိုညီညီလွင်နဲ့ ဆက်သွယ်မေးမြန်းချက် (အသံ) click - သတိမေ့တက်တဲ့ အရှင်ဂမ္ဘီရ (ရုပ်သံ) click - မျိုးဆက်သစ်လူငယ်များ (GW) အဖွဲ့က ကိုမိုဃ်းသွေးနဲ့ မေးမြန်းချက် click - သံဃာများ ပြည်ပသို့ သွားရောက် ဆေးကုသရန် အစီအစဉ်ရှိ (ဓာတ်ပုံသတင်း) click - မိုးထိမိုးမိခေါင်းဆောင်များ ရရှိ အာမခံ မယူဘဲ အမှုရင်ဆိုင်နေ click - ၁၆ နှစ်ပြည့် ဒီဇင်ဘာကျောင်းသားလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနား (ရုပ်သံ) click - ဦးသန့်အရေးအခင်း အင်အားသုံးဖြိုခွင်းမှု ဦးတင်ဦး တောင်းပန် click - ၃၈ နှစ်မြောက် ဦးသန့်အရေးလှုပ်ရှားမှု အထိမ်းအမှတ် (ရုပ်သံ) click - 10/D အခမ်းအနားမှ ကိုကိုကြီး၏ လူ့အခွင့်အရေး အမှာစကား (ရုပ်သံ) click - ရှေ့တန်းစခန်းတခုကို KIA က အစိုးရတပ်ထံမှ ပြန်လည်သိမ်းပိုက် click - ပလောင်ဒေသ၌ တိုက်ပွဲ ဆက်လက်ပြင်းထန်နေ click - မြေမြုပ်မိုင်းဟောင်းများကြောင့် နဘူးမြို့နယ်တွင် လုံခြုံမှု ဆက်လက်ကင်းမဲ့နေ click - ရခိုင်ပဋိပက္ခ မျိုးတုံးသတ်ဖြတ်ခြင်းမျိုး မဟုတ်ဟု ဒေါက်တာစိုင်းမောက်ခမ်း ပြော click - RCSS/SSA ဖမ်းဆီးရမိသော ယာဘဆေးပြား သောင်းချီအား တရုတ်အစိုးရလက် လွှဲအပ် click - CNF နဲ့ တိုင်းရင်းသားပါတီများ ပထမဆုံးအကြိမ် တော်ဝင်နှင်းဆီ ဆွေးနွေးပွဲ click - သျှမ်းပြည် တိုင်းရင်းသားပေါင်းစုံညီလာခံ သင်္ကြန်မတိုင်မီ ခေါ်ယူကျင်းပမည် click - မွန်နိုင်ငံရေးအကျဉ်းသားများအား ထောက်ပံ့နိုင်ရေးအတွက် ဗဟိုကော်မတီအစည်းအဝေး ကျင်းပ click - ဗိုလ်ချုပ်သမီး၏ ဗိုလ်ချုပ်ဇာတိ ခရီးစဉ် (ဆောင်းပါး) click - ၂၀၁၀ ရွေးကောက်ပွဲအလွန် မြန်မာပြည် (ဆောင်းပါး) click - ခဲမဖြူမိုင်း ဆိုးကျိုးများ မိုလို အမျိုးသမီးအဖွဲ့ ထောက်ပြ click - မော်ချီးခဲမဖြူ သတ္တုတွင်း တိုးချဲ့လုပ်ကိုင်မှုကို ရပ်တန့်ဖို့ တောင်းဆို click - မော်ချီးသတ္တုတွင်း ဆက်လက်မတိုးချဲ့ရန် ကရင်နီ မိုလိုကွန်ယက် တောင်းဆို click - ကမ္ဘာ့ငွေကြေးဘဏ်လုပ်ငန်းကို မြန်မာဘဏ် ၃ ခုအား အမေရိကန် ခွင့်ပြု click - မြန်မာ၌ ရင်းနှီးမြှုပ်နှံရန် ထိုင်း မျက်စိကျ၊ လုပ်ငန်းရှင်များ သွားရောက် လေ့လာမည် click - လယ်ယာစိုက်ပျိုးရေးသုံးပစ္စည်းများ မသမာသူများထံမှ မ၀ယ်ယူရန် သတိပေး click - ကျေးလက် မီးလင်းရေး ဆိုလာစနစ်နှင့် စံပြအိမ်ရာလုပ်ငန်းများ အိတ်ဖွင့်တင်ဒါခေါ် click - အရည်အသွေးနိမ့် ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးများ အရေးယူရန် စစ်ပြီ click - မူးယစ်ဆေးဝါး သုံးစွဲရောင်းချသူ ၂၀ ကျော် မွန်ပြည်သစ် ဖမ်းဆီးရမိ click - HIV/AIDS ဝေဒနာရှင်များအား ပန်းရဲ့လမ်း အဖွဲ့သားများ အားပေး (ဓာတ်ပုံသတင်း) click - အာဆီယံ-အိန္ဒိယ ချစ်ကြည်ရေးယာဉ်တန်း မြန်မာပြည်ကို ဖြတ်သန်း click - မဲဆောက်-ဘန်ကောက်သွား ခရီးသည်တင်ကား မှောက်၊ မြန်မာ ၂ ဦး သေဆုံး click - ထိုင်းနိုင်ငံရောက် မြန်မာများ ရှင်သီဝလီတရားဟောပွဲ ကျင်းပ click - ရှမ်းနှစ်သစ်ကူး ကျိုင်းတုံတွင် စည်စည်ကားကား ကြိုဆိုမည် click - ကျိုင်းတုံး သျှမ်းနှစ်သစ်ကူးအထူးပွဲတော်အတွက် ကာတွန်းဆရာ ဟန်လေး ဦးဆောင်ပြင်ဆင် click - နမ့်ခမ်းမြို့၌ သျှမ်းနှစ်ကူးအထိမ်းအမှတ် ကြက်တောင်ရိုက်ပြိုင်ပွဲ ကျင်းပ click - ရေမီတာ မတပ်ဘဲ တရားမ၀င် ရေဖိုးငွေ ကောက်ခံနေတဲ့ ဒလ စည်ပင်ဝန်ထမ်းများ (ရုပ်သံ) click - ဇာတိနေရာက လှည့်စားခြင်းခံရသူများ (ဆောင်းပါး) click - တရုတ်ပြည်မှာ HIV/AIDS ဝေဒနာရှင်တွေကို ခွဲခြားဆက်ဆံ (အသံ) click

Thursday, 13 December 2012

ကော့ကရိတ်မြို့နယ်၊ အူကလေးထာ့ရွာသို့ အစိုးရစစ်တပ် ဒီဇယ်ဆီပုံးများ ပို့ဆောင်နေ

ဒီဇင်ဘာလ ၁၃ရက်၊ ၂၀၁၂ခုနှစ်။ ဖိုးခွါးလေး (ကေအိုင်စီ)

 ကရင်ပြည်နယ် ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆) ကော့ ကရိတ်မြို့နယ်အတွင်းရှိ အူကလေးထာ့ကျေးရွာတွင် မြန်မားအစိုးရစစ်တပ်က ဒီဇယ်ဆီတိုင်ကီပုံးများကို နိုဝင်ဘာလလကုန်ပိုင်းမှစ၍ ပို့ဆောင်လျှက်ရှိသည်ဟု သိရသည်။


 မြန်မာအစိုးရစစ်တပ်သည် ဒီဇယ်ဆီ တိုင်ကီပုံးများကို မြ၀တီမြို့မှ အူကလေးထာ့ရွာသို့ စစ်ကားများဖြင့် ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိ တိုင်ကီပုံးအလုံးပေါင်း ၁၀၀နီးပါး ရှိပြီဖြစ်ကြောင်း အမည်အဖော်လိုသူ မျက်မြင် သက်သေဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။ 

 “သူတို့(အစိုးရစစ်တပ်) ဘယ်လိုရည်ရွယ်ပြီး ပို့ဆောင်သလဲတော့မသိဘူး။ ဒီရက်ပိုင်းမှာတော့ သယ်ပို့တာတွေ ရပ်ထားတယ်။ ကျနော်တို့ သိရတာကတော့ ဒီအူကလေးထာ့ရွာ အနားမှာရှိတဲ့ တောင်ကို ဖွံ့ဖြိုးရေးအတွက် ဖောက်ဖို့ရှိတယ်လို့ ကြားတယ်။ အတိအကျတော့ ဘယ်သူမှ မသိသေးဘူး”ဟု သူက ဆိုသည်။

 နိုဝင်ဘာလကုန်ပိုင်းအထိ ဒီဇယ်တိုင်ကီပုံများ သယ်ဆောင်သည့်ကာလတွင် ၎င်းဒေသရှိ ဝေါ်လေ၊ သေ့ဘော ဘိုးနှင့် အူကလေးထာ့ရွာတို့တွင် လှုပ်ရှားနေသည့် မြန်မာအစိုးရ စစ်တပ် စစ်ကွပ်ကဲရေးဌာနချုပ်-စကခ ၁၉ လက်အောက်ခံ ခြေလျင်တပ်ရင်း (ခလရ-၁၀၆)သည် ခြေမြန်တပ်ရင်း(ခမရ-၄၃၄)တို့ တပ်အပြောင်းအလဲ လုပ်သည့်အချိန်ဖြစ်ကြောင်း ဒေသခံများက ပြောဆိုနေကြသည်။ 

ထို့အပြင် ဒေသခံရွာသူရွာသားများက အစိုးရစစ်တပ်၏ ဒီဇယ်တိုင်ကီများသယ်ဆောင်ရာတွင် RPG လက်နက် ကြီး ကျည်ဆံအချို့လည်း ပါဝင်သည်ကို တွေ့မြင်ရသည်ဟု ပြောဆိုကြသည်။ ဝေါ်လေဒေသရှိ ကေအဲန်ယူနှင့် နီးစပ်သူတစ်ဦးက ယခုကဲ့သို့ ဒီဇယ်တိုင်ကီပုံများ သယ်ဆောင်လာခြင်းနှင့် ပတ်သက်၍ အစိုးရတပ်သည် ဒေသခံကေအဲန်ယူ အာဏာပိုင်များအား တွေ့ဆုံဆွေးနွေးပြောဆိုမှုများ မကြားသိ ရကြောင်း ပြောသည်။ 

သူက “ဒီလို ဒီဇယ်တိုင်ကီတွေ ပို့လာတာ သူတို့ ကေအဲန်ယူနဲ့ တွေ့ဆုံပြီး သဘောတူတာလည်း မကြားပါဘူး။ အစိုးရဟာ ဒီလို ဒီဇယ်တိုင်ကီတွေ သယ်လာတော့ ကေအဲန်ယူ ကွန်ဂရက်လုပ်နေတဲ့ အချိန်နဲ့လည်း တိုက်ဆိုင် တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ ဘာတွေ ဆက်လုပ်မလဲဆိုတာတော့ မကြာခင် သိရမှာပေါ့”ဟု ပြောဆိုသည်။ 

ယခု ဒီဇယ်တိုင်ကီပုံး ပို့ဆောင်နေသည့် ဒေသတွင် မြန်မာစစ်တပ်များ၊ ကေအဲန်ယူ လက်အောက်ခံတပ်များနှင့် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်-ဒီကေဘီအေ တပ်ဖွဲ့များ လှုပ်ရှားနေသည့် နေရာဖြစ် သည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Hosting