၁။လက်နက်ချစကား အလျဉ်းမပြောရ။ ၂။ကရင်ပြည် ပြီးပြည့်စုံရမည်။ ၃။ကရင့်လက်နက် ကရင့်လက်ထဲရှိရမည်။ ၄။ကရင့်ကြမ္မာ ကရင်ဖန်တီးရမည်။
- မတောင်းပန်ပါက အထွေထွေသပိတ် ဆင်နွှဲမည်ဟု မန္တလေးသံဃာ မိန့် click - လက်ပံတောင်းကော်မရှင်ကိစ္စ အစိုးရ တာဝန်မဲ့၊ မရိုးသားဟု UNFC ဆို click - လက်ပံတောင်းတောင်အရေး ဆန္ဒပြသူတွေ အာမခံနဲ့ ပြန်လွတ် click - လက်ပံတောင်းကိစ္စ ဆန္ဒထုတ်ဖော်သဖြင့် အဖမ်းခံခဲ့ရသူများ အာမခံနှင့် ပြန်လွတ်ပြီ click - ရှင်ဂမ္ဘီရ (ခေါ်) ကိုညီညီလွင်နဲ့ ဆက်သွယ်မေးမြန်းချက် (အသံ) click - သတိမေ့တက်တဲ့ အရှင်ဂမ္ဘီရ (ရုပ်သံ) click - မျိုးဆက်သစ်လူငယ်များ (GW) အဖွဲ့က ကိုမိုဃ်းသွေးနဲ့ မေးမြန်းချက် click - သံဃာများ ပြည်ပသို့ သွားရောက် ဆေးကုသရန် အစီအစဉ်ရှိ (ဓာတ်ပုံသတင်း) click - မိုးထိမိုးမိခေါင်းဆောင်များ ရရှိ အာမခံ မယူဘဲ အမှုရင်ဆိုင်နေ click - ၁၆ နှစ်ပြည့် ဒီဇင်ဘာကျောင်းသားလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနား (ရုပ်သံ) click - ဦးသန့်အရေးအခင်း အင်အားသုံးဖြိုခွင်းမှု ဦးတင်ဦး တောင်းပန် click - ၃၈ နှစ်မြောက် ဦးသန့်အရေးလှုပ်ရှားမှု အထိမ်းအမှတ် (ရုပ်သံ) click - 10/D အခမ်းအနားမှ ကိုကိုကြီး၏ လူ့အခွင့်အရေး အမှာစကား (ရုပ်သံ) click - ရှေ့တန်းစခန်းတခုကို KIA က အစိုးရတပ်ထံမှ ပြန်လည်သိမ်းပိုက် click - ပလောင်ဒေသ၌ တိုက်ပွဲ ဆက်လက်ပြင်းထန်နေ click - မြေမြုပ်မိုင်းဟောင်းများကြောင့် နဘူးမြို့နယ်တွင် လုံခြုံမှု ဆက်လက်ကင်းမဲ့နေ click - ရခိုင်ပဋိပက္ခ မျိုးတုံးသတ်ဖြတ်ခြင်းမျိုး မဟုတ်ဟု ဒေါက်တာစိုင်းမောက်ခမ်း ပြော click - RCSS/SSA ဖမ်းဆီးရမိသော ယာဘဆေးပြား သောင်းချီအား တရုတ်အစိုးရလက် လွှဲအပ် click - CNF နဲ့ တိုင်းရင်းသားပါတီများ ပထမဆုံးအကြိမ် တော်ဝင်နှင်းဆီ ဆွေးနွေးပွဲ click - သျှမ်းပြည် တိုင်းရင်းသားပေါင်းစုံညီလာခံ သင်္ကြန်မတိုင်မီ ခေါ်ယူကျင်းပမည် click - မွန်နိုင်ငံရေးအကျဉ်းသားများအား ထောက်ပံ့နိုင်ရေးအတွက် ဗဟိုကော်မတီအစည်းအဝေး ကျင်းပ click - ဗိုလ်ချုပ်သမီး၏ ဗိုလ်ချုပ်ဇာတိ ခရီးစဉ် (ဆောင်းပါး) click - ၂၀၁၀ ရွေးကောက်ပွဲအလွန် မြန်မာပြည် (ဆောင်းပါး) click - ခဲမဖြူမိုင်း ဆိုးကျိုးများ မိုလို အမျိုးသမီးအဖွဲ့ ထောက်ပြ click - မော်ချီးခဲမဖြူ သတ္တုတွင်း တိုးချဲ့လုပ်ကိုင်မှုကို ရပ်တန့်ဖို့ တောင်းဆို click - မော်ချီးသတ္တုတွင်း ဆက်လက်မတိုးချဲ့ရန် ကရင်နီ မိုလိုကွန်ယက် တောင်းဆို click - ကမ္ဘာ့ငွေကြေးဘဏ်လုပ်ငန်းကို မြန်မာဘဏ် ၃ ခုအား အမေရိကန် ခွင့်ပြု click - မြန်မာ၌ ရင်းနှီးမြှုပ်နှံရန် ထိုင်း မျက်စိကျ၊ လုပ်ငန်းရှင်များ သွားရောက် လေ့လာမည် click - လယ်ယာစိုက်ပျိုးရေးသုံးပစ္စည်းများ မသမာသူများထံမှ မ၀ယ်ယူရန် သတိပေး click - ကျေးလက် မီးလင်းရေး ဆိုလာစနစ်နှင့် စံပြအိမ်ရာလုပ်ငန်းများ အိတ်ဖွင့်တင်ဒါခေါ် click - အရည်အသွေးနိမ့် ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးများ အရေးယူရန် စစ်ပြီ click - မူးယစ်ဆေးဝါး သုံးစွဲရောင်းချသူ ၂၀ ကျော် မွန်ပြည်သစ် ဖမ်းဆီးရမိ click - HIV/AIDS ဝေဒနာရှင်များအား ပန်းရဲ့လမ်း အဖွဲ့သားများ အားပေး (ဓာတ်ပုံသတင်း) click - အာဆီယံ-အိန္ဒိယ ချစ်ကြည်ရေးယာဉ်တန်း မြန်မာပြည်ကို ဖြတ်သန်း click - မဲဆောက်-ဘန်ကောက်သွား ခရီးသည်တင်ကား မှောက်၊ မြန်မာ ၂ ဦး သေဆုံး click - ထိုင်းနိုင်ငံရောက် မြန်မာများ ရှင်သီဝလီတရားဟောပွဲ ကျင်းပ click - ရှမ်းနှစ်သစ်ကူး ကျိုင်းတုံတွင် စည်စည်ကားကား ကြိုဆိုမည် click - ကျိုင်းတုံး သျှမ်းနှစ်သစ်ကူးအထူးပွဲတော်အတွက် ကာတွန်းဆရာ ဟန်လေး ဦးဆောင်ပြင်ဆင် click - နမ့်ခမ်းမြို့၌ သျှမ်းနှစ်ကူးအထိမ်းအမှတ် ကြက်တောင်ရိုက်ပြိုင်ပွဲ ကျင်းပ click - ရေမီတာ မတပ်ဘဲ တရားမ၀င် ရေဖိုးငွေ ကောက်ခံနေတဲ့ ဒလ စည်ပင်ဝန်ထမ်းများ (ရုပ်သံ) click - ဇာတိနေရာက လှည့်စားခြင်းခံရသူများ (ဆောင်းပါး) click - တရုတ်ပြည်မှာ HIV/AIDS ဝေဒနာရှင်တွေကို ခွဲခြားဆက်ဆံ (အသံ) click

Thursday, 13 December 2012

ဒုက္ခသည်များကို ပြန်ပို့ပါက ညှိနှိုင်းမှုပြလုပ်သင့်ဟု UNCHR ကို BP တိုက်တွန်း

ဒီဇင်ဘာလ ၁၃ရက်။ ၂၀၁၂ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)


 ပြည်တွင်းစစ်ကြောင့် ထိုင်း-မြန်မာနယ်စပ်သို့ ရောက်ရှိရသည့် ဒုက္ခသည်များကို ပြန်လည်ပို့ဆောင်မည်ဆိုပါက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး-UNHCR အနေဖြင့် သက်ဆိုင်ရာလူမှုအဖွဲ့အစည်းများနှင့် ဒုက္ခသည်များကို ညှိနှိုင်းတိုင်ပင်သင့်ကြောင်း မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူများ(Burma Partnership-BP)မှ ယမန်နေ့က တိုက်တွန်းခဲ့သည်။ 


လက်ရှိအနေအထားတွင် ဒုက္ခသည်များပြန်ပို့ခံရမည်ဟု ကောလဟာလ သတင်းများထွက်ပေါ်နေပြီး UNHCR က ၎င်းတို့အနေဖြင့် ပြန်ပို့မည် မဟုတ်သေးကြောင်း ပြောဆိုနေသော်လည်း ပြန်ပို့မည့် လုပ်ဆောင်ချက်များကို တွေ့နေရသဖြင့် ယခုလို တိုက်တွန်းပြော ကြားရခြင်းဖြစ်ကြောင်း BP မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

၎င်းက “ပြန်ပို့မယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး မှတ်တမ်းရုပ်ရှင်ထဲမှာလည်း အဆောက်အဦးတွေက ဆောက်နေပြီ ဆိုတာကို တွေ့နေရတယ်။ ဒုက္ခသည်တွေကလည်း အဆင်သင့်မဖြစ်သေးတဲ့ အခြေအနေမှာ မသင့်တော်သေး ဘူး။ သူတို့(UNHCR)အနေနဲ့ CBOs တွေ၊ ဒုက္ခသည်တွေကို နီးနီးကပ်ကပ်နေပြီး ညှိနှိုင်းလုပ်ဆောင်သင့်တယ်” ဟု ပြောသည်။

 ဒီဇင်ဘာလ ၁၂ရက်နေ့က ထိုင်းနိုင်ငံ -ဘန်ကောက်မြို့ Foreign Correspondents’ Club၌ BP မှ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် UNHCR အနေဖြင့် ပြည်ပရောက်ဒုက္ခသည်များကို ပြန်ပို့မည့် Timothy Syrota ၏ ၇ မိနစ်ကြာ မှတ်တမ်းတင်ရိုက်ကူးထားသည့် ရုပ်ရှင်ကို ပြသခဲ့ခြင်းဖြစ်သည်။ သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစုမှ ဦးစိုးအောင်၊ ကရင်ဒုက္ခသည်များ အရေးကို Burma Issue မှ စောကွယ်စေး၊ မွန်ဒုက္ခသည်များအရေးကို နိုင်အောမွန်၊ ကရင်နီဒုက္ခသည်များကို နဲဒူ စသည့် တာဝန်ရှိသူများက အခမ်းအနားကို ညနေ ၇ မှ ၁၀နာရီအထိ ရှင်းလင်းတင်ပြခဲ့သည်။ 

၎င်းသတင်းစာရှင်းလင်းပွဲသို့ ဒုက္ခသည်များအရေးကို ကူညီလုပ်ဆောင်ပေးနေသည့် အစိုးရမဟုတ်သောအဖွဲ့-NGOs နှင့် လူထုအခြေပြုအဖွဲ့အစည်း-CBOs၊ UNHCR အဖွဲ့ဝင်များနှင့် သတင်းထောက်များအပါအ၀င် စုစု ပေါင်း လူဦးရေ ၅၀ ခန့် တက်ရောက်ခဲ့ကြသည်။ မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစုမှ ဦးစိုးအောင်က “အစိုးရက တိုင်းရင်းသားအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးလုပ် ထားပေမယ့် ပဋိပက္ခတွေက ဆက်ပြီးတော့ ရှိသေးတယ်။ အခုဆိုရင် ဖွံ့ဖြိုးရေးနဲ့ယှဉ်တွဲပြီး ၀င်လာတဲ့ ရင်းနှီး မြှုပ်နှံမှုတွေကြောင့် ဒေသခံပြည်သူတွေ ဒုက္ခရောက်နေရတယ်။ နောက် စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်ဖို့ အာမခံထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပါလီမန်ထဲမှာ ဆက်လက်ပြဌာန်းနေဆဲပဲ”ဟု ပြောသည်။ 

ထို့အပြင် Burma Issue မှ စောကွယ်စေးကလည်း ဒုက္ခသည်များ၏ အခွင့်အရေး၊ လက်ရှိ နိုင်ငံရေးအခြေ အနေ၊ နေရပ်ပြန်ပို့မည့်ကိစ္စနှင့်ပတ်သက်၍ ဒုက္ခသည်များဘ၀ကို စာနာနားလည်ကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

 BP သည် “Nothing About Us Without Us” ဆိုသည့် ခေါင်းစဉ်ဖြင့် ဒုက္ခသည်များ၏ နေရပ်ပြန်မည့်အသံများ အကြောင်း (Refugee’s Voices About Their Return To Burma)ကို ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ဆွစ်ဇလန်နိုင်ငံ ဂျီနီဗာမြို့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီဖြစ်သည်။

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Hosting